back

ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်များကို မေ ၁၅ ရက်မှစတင်ကာ DEMU ရထားဖြင့် တိုးချဲ့ပြေးဆွဲပေးမည်

May 12 • 1:59 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်များကို မေ ၁၅ ရက်မှစတင်ကာ DEMU ရထားဖြင့် တိုးချဲ့ပြေးဆွဲပေးမည်

မေ ၁ ရက်တွင် စတင်တိုးချဲ့ပြေးဆွဲခဲ့သည့် အမှတ်(၅) အဆန်/(၆)အစုန် ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တွင်ပြေးဆွဲသည့်နေ့မှစကာနေ့စဉ်စီးနင်းမှုများပြားခြင်း၊လက်မှတ်ဝယ်ယူရခ...

မေ ၁ ရက်တွင် စတင်တိုးချဲ့ပြေးဆွဲခဲ့သည့် အမှတ်(၅) အဆန်/(၆)အစုန် ရန်ကုန်-မန္တလေး-ရန်ကုန်

ခရီးစဉ်တွင်ပြေးဆွဲသည့်နေ့မှစကာနေ့စဉ်စီးနင်းမှုများပြားခြင်း၊လက်မှတ်ဝယ်ယူရခက်ခြင်း၊စီးနင်းလိုသူအများအပြားရှိခြင်းစသည့် အခက်အခဲများကြောင့် မေ ၁၅ ရက်မှစတင်ကာ ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ် အသစ် ဖြစ်သော အမှတ် (၃)အဆန်/အမှတ် (၄) အစုန်ရထားခရီးစဉ်သစ်ကို လေအေးပေးစက်ပါ DEMUဖြင့် ပြေးဆွဲသွားမည်ဖြစ်သည်။အသစ်ပြေးဆွဲမည့် အမှတ် (၃) အဆန်။ အမှတ် (၄) အစုန်ရထားသည်နေ့စဉ်နံနက် ၆ နာရီတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာကာ ရန်ကုန်၊ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊သာစည်၊ ကျောက်ဆည်၊ မန္တလေးဘူတာတွင် ရပ်တန့်ပေးသွားမည်ဖြစ်ပြီးအထက်တန်း ကျပ် ၄၈,၀၀၀၊ ပထမတန်းကျပ် ၃၄,၀၀၀ နှုန်းထားဖြင့် လက်မှတ်များကို ortp.railways.gov.mm တွင် မေ ၈ ရက်မှစကာ လက်မှတ်များ ဝယ်ယူနိုင်မည်ဖြစ်ကြာင်း သိရသည်။

news-view-count-icon

39