တနင်္သာရီတိုင်း၊မြိတ်မြို့တွင် ဒူးရင်းသီးဈေးနှုန်း တစ်လအတွင်း ထက်ဝက်ခန့်ပြန်ကျကြောင်း ဒူးရင်းသီးရောင်းချသူများနှင့် ခြံပိုင်ရှင်အချို့က ပြောသည်။ ဒူးရင်းသီးရာသီအစ မတ်လဝန်းကျင်က အလယ်လတ်အရွယ်အစားရှိ ဒူးရင်းသီးတစ်လုံးလျှင် ကျပ်တစ်သောင်းခန့် ဈေးရှိခဲ့ပြီး လက်ရှိတွင် ကျပ်ငါးထောင်ခန့်သာ ဈေးရှိတော့ကြောင်း မြိတ်မြို့တွင် ဒူးရင်းသီးရောင်းချသူတစ်ဦးက ဆိုသည်။ဒူးရင်းသီး အထွက်နှုန်းများလာခြင်း၊ လမ်းခရီးအခြေအနေများကြောင့် တိုင်းပြင်ပသို့ မပို့နိုင်ခြင်းစသည့် အခြေအနေများ ကြောင့် ဈေးပြန်ကျလာခြင်းဖြစ်ကြောင်း မြိတ်မြို့ရှိ ဒူးရင်းသီးကုန်သည်တစ်ဦးက ပြောဆိုသည်။ကျွန်းစု၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်က ထွက်ရှိသည့် ဒူးရင်းသီးများကို မြိတ်မြို့သို့ အဓိကတင်ပို့ကြသည်။မြိတ်မြို့တွင် အလတ်စားဆိုဒ်ထက် အရွယ်အစားငယ်သည့် ဒူးရင်းသီး ၁၂ လုံးခန့်ပါ ပါကင်ခြင်းတစ်ခြင်းလျှင် ကျပ်သုံးသောင်းနှင့် လေးသောင်းဝန်းကျင်ဖြင့် ရောင်းချနေကြောင်း မြို့ခံအချို့က ဆိုသည်။
| 35 | 0 | 0 | 0 |


