မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ လာမည့် မေလ (၁၆) ရက်မှ (၂၃) ရက်အထိ ကျင်းပမည့် Sepaktakraw World Cup 2026 (ISTAF) ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း၏ အပြီးသတ်ကစားသမား (၁၂) ဦးစာရင်းကို မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်လိုက်သည်။ ယခုလူစာရင်းတွင် ဝါရင့်ထိပ်တန်းကစားသမားများနှင့်အတူ ခြေစွမ်းထက်မြက်သည့် လူငယ်ကစားသမားများကို အချိုးကျ စုဖွဲ့ထားသည်ကို တွေ့ရပါသည် -
၁။ ဇင်မင်းဦး (အာဒစ်) ၂။ သန့်ဇင်ထွန်း (ဓာတ်လုံး) ၃။ အောင်အောင် (အောင်ကြီး) ၄။ အောင်မျိုးကျော် (မျိုးလေး) ၅။ ရှိန်းဝဏ္ဏဇော် (ရှိန်းလေး) ၆။ ရန်ပိုင်ဦး (ကျောင်းတိုက်) ၇။ ရဲထက် ၈။ ဟန်ဝင်းထွဋ် (အန့်ကူ) ၉။ သက်ပိုင်စိုး ၁၀။ မင်းသန့်သူ ၁၁။ ချစ်လွန်းပို ၁၂။ ရှင်းသန့်နောင်



