back

မြန်မာနဲ့ ထိုင်းတို့ အာဆီယံပြိုင်ဘက်များအဖြစ် ဂုဏ်သိက္ခာအတွက် မနက်ဖြန် ကစားကြမည်

May 11 • 4:20 PM

breaking-news

Thailand

Local News

cover

မြန်မာနဲ့ ထိုင်းတို့ အာဆီယံပြိုင်ဘက်များအဖြစ် ဂုဏ်သိက္ခာအတွက် မနက်ဖြန် ကစားကြမည်

၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ-၁၇ အသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် မနက်ဖြန် ( မေ ၁၂) ည (၁၁) နာရီခွဲမှာ ထိုင်း ယူ-၁၇ အသင်းနဲ့ ...

၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ-၁၇ အသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် မနက်ဖြန် ( မေ ၁၂) ည (၁၁) နာရီခွဲမှာ ထိုင်း ယူ-၁၇ အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာ ယူ-၁၇ အသင်းနဲ့ ထိုင်း ယူ-၁၇ အသင်း နှစ်သင်းစလုံးဟာ လက်ရှိမှာ အုပ်စုအဆင့်ကနေ ထွက်ထားရပြီဖြစ်ပေမဲ့ အာဆီယံဒေသတွင်း ပြိုင်ဘက်များအဖြစ် ဂုဏ်သိက္ခာအတွက် အနိုင်ရဖို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မြန်မာ ယူ-၁၇ အသင်းဟာ ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ အုပ်စု (A) မှာ အိမ်ရှင်ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်၊ ထိုင်းအသင်းတို့နဲ့ ကျရောက်နေပါတယ်။ မြန်မာ ယူ-၁၇ အသင်းဟာ ပြီးခဲ့တဲ့ဧပြီလအတွင်းက ကျင်းပခဲ့တဲ့ ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ ထိုင်းအသင်းကို (၁-ဝ) ဂိုးနဲ့ အနိုင်ရထားပါတယ်။




news-view-count-icon

16