back

တရုတ်နိုင်ငံသား၏ လက်နက်မှုနှင့်ပတ်သက်၍ ထိုင်းရေတပ်အရာရှိအပါအဝင် ၃ ဦးကို ဖမ်းဆီး

May 11 • 4:19 PM

breaking-news

China

Local News

cover

တရုတ်နိုင်ငံသား၏ လက်နက်မှုနှင့်ပတ်သက်၍ ထိုင်းရေတပ်အရာရှိအပါအဝင် ၃ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တယားမြို့တွင် အဆင့်မြင့်သေနတ်များနှင့် ပြင်းအားမြင့်ဖောက်ခွဲရေး ပစ္စည်းများ လက်ဝယ်ရှိနေသည့်တရုတ်နိုင်ငံသားအမှုနှင့် ဆက်စပ်၍ သ...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တယားမြို့တွင် အဆင့်မြင့်သေနတ်များနှင့် ပြင်းအားမြင့်ဖောက်ခွဲရေး ပစ္စည်းများ လက်ဝယ်ရှိနေသည့်တရုတ်နိုင်ငံသားအမှုနှင့် ဆက်စပ်၍ သံသယရှိသူ သုံးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းသိရသည်။ တရားမဝင် လက်နက်ထောက်ပံ့ရေးကွန်ရက်နှင့် ဆက်စပ်၍ ဖမ်းဆီးခံရသူ သုံးဦးအနက် တစ်ဦးမှာ ထိုင်းရေတပ်မှ တာဝန်ထမ်းဆောင်ဆဲ အရာရှိတစ်ဦးဖြစ်ပြီး အခြားစစ်တပ်အရာရှိတစ်ဦးနှင့် အငြိမ်းစား စစ်မှုထမ်း ဟောင်းတစ်ဦးတို့ကိုလည်း စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ ဘန်ကောက်ရှိ တရုတ်သံရုံးကလည်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေးတွင် ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရာဇဝတ်မှုကျူးလွန်သည့် တရုတ် နိုင်ငံသားများကို ကာကွယ်ပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။



news-view-count-icon

2