back

ထိုင်းနိုင်ငံ က လင်းနို့တွေမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်ကို တွေ့ရှိ

May 11 • 4:17 PM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ က လင်းနို့တွေမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်ကို တွေ့ရှိ

ထိုင်းနိုင်ငံက လင်းနို့တွေမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်တစ်ခု တွေ့ရှိရတယ်ဆိုတဲ့ သတင်းဟာ အမှန်ဖြစ်တယ်လို့ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းဝန်ကြီးဌာန...

ထိုင်းနိုင်ငံက လင်းနို့တွေမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်တစ်ခု တွေ့ရှိရတယ်ဆိုတဲ့ သတင်းဟာ အမှန်ဖြစ်တယ်လို့ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းဝန်ကြီးဌာန (DES) က အတည်ပြုလိုက်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိ အဲဒီဗိုင်းရပ်စ် လူဆီကူးစက်တာမျိုး မရှိသေးသလို ရောဂါပျံ့နှံ့နိုင်ခြေလည်း နိမ့်ပါးနေတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။ အခုတွေ့ရှိမှုဟာ လူသား၊ တိရစ္ဆာန်နဲ့ ပတ်ဝန်းကျင် ကျန်းမာရေးကို စောင့်ကြည့်တဲ့စနစ်ကတစ်ဆင့် သိရှိခဲ့တာဖြစ်ပြီး လက်ရှိ ကိုဗစ်ကာကွယ်ဆေးတွေကလည်း ဒီဗိုင်းရပ်စ်ရဲ့ ပြင်းထန်မှုကို လျှော့ချရာမှာ ထိရောက်မှု ရှိနေဆဲပါ။ ဒါ့အပြင် အွန်လိုင်းပေါ်မှာ သတင်းမှားနဲ့ သတင်းအမှားအမှန် ရောနှောနေတဲ့ သတင်းတွေ ဆက်လက်ပျံ့နှံ့နေတာကြောင့် အများပြည်သူအနေနဲ့ သတိထားကြဖို့လည်း ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ 



news-view-count-icon

34