စင်ကာပူနိုင်ငံရှိ လူကြိုက်များတဲ့ ဂျပန်လက်လီအရောင်းဆိုင်ကြီး Don Don Donki ရဲ့ HarbourFront Centre ဆိုင်ခွဲကို လာမယ့် ဇူလိုင်လ (၁၉) ရက် နောက်ဆုံးထားပြီး ပိတ်သိမ်းတော့မယ်လို့ သိရပါတယ်။ ဆိုင်ပိတ်သိမ်းမှုအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတဲ့ကုန်ပစ္စည်းတွေကို (၇၀) ရာခိုင်နှုန်း အထိ လျှော့စျေးနဲ့ ရှင်းလင်းရောင်းချပေးသွားမယ်လို့ Don Don Donki Singapore က သူတို့ရဲ့ Instagram စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။ ကုန်ပစ္စည်းတွေ လက်ကျန်ရှိသရွေ့ ဈေးဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ HarbourFront Centre အဆောက်အအုံကြီးကို အကြီးစားပြန်လည်တည်ဆောက်မှု တွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာကြောင့် အခုလိုပိတသိမ်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။



