back

ပန်းကန်ဆေးဖတ်တွေမှာ အိမ်သာထိုင်ခုံထက် ဘက်တီးရီးယား ပိုမိုများပြားနေတယ်လို့ သုတေသနက ဖော်ပြ

May 11 • 4:10 PM

breaking-news

Japan

Local News

cover

ပန်းကန်ဆေးဖတ်တွေမှာ အိမ်သာထိုင်ခုံထက် ဘက်တီးရီးယား ပိုမိုများပြားနေတယ်လို့ သုတေသနက ဖော်ပြ

ဂျပန်နိုင်ငံ FCGI သုတေသနဌာနရဲ့ ၂၀၂၆ ခုနှစ် မေလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ပန်းကန်ဆေးဖတ်တွေဟာ ပုံမှန်ဆေးကြောနေကျ အိမ်သာထိုင်ခုံတွေထက်တောင် ဘက်တီးရီးယား ပိုမိုပေါက်...

ဂျပန်နိုင်ငံ FCGI သုတေသနဌာနရဲ့ ၂၀၂၆ ခုနှစ် မေလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ပန်းကန်ဆေးဖတ်တွေဟာ ပုံမှန်ဆေးကြောနေကျ အိမ်သာထိုင်ခုံတွေထက်တောင် ဘက်တီးရီးယား ပိုမိုပေါက်ဖွားနိုင်တယ်လို့ သိရပါတယ်။ ပန်းကန်ဆေးဖတ်တွေဟာ အစားအစာအကြွင်းအကျန်တွေ၊ အဆီတွေနဲ့ အမြဲထိတွေ့နေပြီး စိုစွတ်နေတာကြောင့် သီတင်းပတ်အနည်းငယ်အတွင်းမှာတင် ဘက်တီးရီးယားပေါင်း သန်းနဲ့ချီ စုဝေးရာနေရာ ဖြစ်လာနိုင်ပါတယ်။ စမ်းသပ်မှုတစ်ခုမှာ ပိုးမွှားရှိတဲ့ ပန်းကန်ဆေးဖတ်နဲ့ ပန်းကန်တွေကို ရေနဲ့ပဲ ဆေးကြောတဲ့အခါ ပန်းကန်ပေါ်မှာ ဘက်တီးရီးယား အမြောက်အမြား ကျန်ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ပန်းကန်ဆေးဆပ်ပြာကို အသုံးပြုပြီး ဆေးကြောမယ်ဆိုရင်တော့ ပိုးမွှားကင်းစင်အောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။





news-view-count-icon

1