ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် သမ္မတ ၏ ရက်(၁၀၀)စီမံကိန်းကြောင့် တရုတ်နယ်စပ်မှ တပိုင်တနိုင်အထည်ယူရောင်းသူများ၊ Online Shopသမားများ အခက်ခဲဖြစ်လာကြောင်း သိရသည်။ထို ရက်(၁၀၀)စီမံကိန်းကြောင့် စစ်တစ်၏ အစစ်ဆေး အဖမ်းအဆီးရှိနေ၍ ကားဂိတ်များတွင် ကုန်ပစ္စည်းတင်ဆောင်ခြင်း၊ ပါဆယ်လက်ခံတင်ပေးခြင်းများ ရပ်နားထား၍ အထည်ရောင်းသူများ ဝယ်ယူသူများထံမပို့နိုင်ဘဲ ရပ်နားထားရကြောင်း သိရသည်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံများသည် ကုန်ပစ္စည်းအများစု တရုတ်မှလာသည်ကို အသုံးပြုခြင်းဖြစ်ပြီးအာဏာသိမ်းသမ္မတ၏ ရက်(၁၀၀) စီမံကိန်းကြောင့် ကုန်စျေးနှုန်း ထပ်မံမြှင့်တက်လာမည်ကို စိုးရိမ်နေရကြောင်း သိရသည်။



