back

Peter ဘားဆိုင်ပိုင်ရှင်ကို လူသတ်မှုအပြင် ကလေးသူငယ်ဥပဒေ၊ ယစ်မျိုးဥပဒေများဖြင့် အမှုထပ်ဖွင့်ထား

May 09 • 12:58 PM

breaking-news

Myanmar

Shan

cover

Peter ဘားဆိုင်ပိုင်ရှင်ကို လူသတ်မှုအပြင် ကလေးသူငယ်ဥပဒေ၊ ယစ်မျိုးဥပဒေများဖြင့် အမှုထပ်ဖွင့်ထား

အသက်မပြည့်သေးသည့် ဝန်ထမ်းမိန်းကလေးငယ်တစ်ဦးအား သေဆုံးသည်အထိ ရိုက်နှက်ညှဉ်းပန်း နှိပ်စက် ခဲ့သည့် Peter ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာကို လူသတ်မှုအပြင် ကလ...

အသက်မပြည့်သေးသည့် ဝန်ထမ်းမိန်းကလေးငယ်တစ်ဦးအား သေဆုံးသည်အထိ ရိုက်နှက်ညှဉ်းပန်း နှိပ်စက် ခဲ့သည့် Peter ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာကို လူသတ်မှုအပြင် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ယစ်မျိုးဥပဒေများဖြင့် ထပ်မံအမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Peter ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ သည် မေလ ၄ ရက်၊ ညပိုင်းက သေဆုံးသူ အမျိုးသမီးငယ် အား စားသောက်ဆိုင်အတွင်း လာရောက်စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုးပေးအပ်ခဲ့သည်ကို ၎င်းအား ပြောပြမှုမရှိခြင်းကြောင့် ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက် ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သေဆုံးသူ မိန်းကလေးသည် ညောင်ရွှေမြို့နယ်၊ မင်းချောင်းလယ်ကျေးရွာမှ ယင်းဘားဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် ဆိုင်ဝန်ထမ်းဖြစ်ပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ကျူးလွန်သူအား ထိထိရောက်ရောက် အရေးယူပေးရန် ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။



news-view-count-icon

26