back

ဖုန်း ၉၀ လုံးဖျက်ဆီးထားသည့် ကျားဖြန့် အဖွဲ့ ရှမ်းတောင်တွင် ဖမ်းမိ

May 09 • 12:57 PM

breaking-news

Myanmar

Shan

cover

ဖုန်း ၉၀ လုံးဖျက်ဆီးထားသည့် ကျားဖြန့် အဖွဲ့ ရှမ်းတောင်တွင် ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်နှင့် ကျိုင်းတောင်းမြို့အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူ (၃၆)ဦးကို မေလ(၈)ရက်နေ့က ဖမ်းဆီးရမိကြော...

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်နှင့် ကျိုင်းတောင်းမြို့အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူ (၃၆)ဦးကို မေလ(၈)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။ဖမ်းဆီးရမိသည့် ကျားဖြန့်(၃၆)ဦးတွင် တရုတ်နိုင်ငံသား (၃၁) ဦး၊ မြန်မာနိုင်ငံသား အမျိုးသမီး (၅) ဦးပါဝင်ပြီး ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်တပ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။လဲချားမြို့နယ် ဆီးဆောကျေးရွာ အရှေ့တောင်ဘက်အနီးတွင် ယမာန်နေ့က ကျားဖြန့် လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား (၂၅)ဦး မြန်မာနိုင်ငံသား(၅) ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ထို့အ​ပြင် လူနေတဲ (၂) လုံး၊ လုပ်ငန်းသုံးတဲ (၁) လုံး၊ မီးဖိုဆောင် (၁) လုံး၊ All In One စက် (၂) လုံး၊ မီးစက် (၁) လုံး၊ ပါဝါစတေရှင် (၂) လုံးနှင့် ဖျက်ဆီးထားသည့် ဖုန်းအလုံး (၉၀) ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ထို့အပြင် မိုင်းပန်မြို့နယ် ကျိုင်းတောင်းမြို့ တောင်ဘက် မီတာ (၁၂၀၀၀) ခန့်အကွာ မိုင်းပန်ကျိုင်းတောင်း ကားလမ်းအနီးမှာလည်း ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆) ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။




news-view-count-icon

30