၂၀၂၆ ခုနှစ်၊ မတ်လ (၇) ရက်နေ့တွင် ယစ်မျိုးလိုင်စင်ဆိုင်ရာ ဥပဒေအသစ်ကို ပြဌာန်းခဲ့ပြီးနောက် အရက်/ဘီယာရောင်းချခွင့် လိုင်စင်များအား အမည်ပြောင်းခြင်းနှင့် တည်နေရာရွှေ့ပြောင်းခြင်းတို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် တရားဝင်လုပ်ဆောင်ခွင့်ပြုထားသော်လည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင်မူ တရားဝင်လျှောက်ထားမှုများ ကြန့်ကြာနေပြီး ငွေကြေးဖြင့် ညှိနှိုင်းဖွင့်လှစ်နေကြကြောင်း သိရသည်။ အဆိုပါကာလအတွင်း ဆိုင်ဖွင့်လှစ်လိုပါက ငွေကြေးညှိနှိုင်းကာ "နားလည်မှု" ဖြင့် ဖွင့်လှစ်ခွင့်ပြုနေကြောင်း အထွေထွေအုပ်ချုပ်ရေးပိုင်း ဝန်ထမ်းများထံမှ သိရသည်။ လက်ရှိတွင် ယစ်မျိုးလိုင်စင် အပြောင်းအရွှေ့ တရားဝင်ခွင့်ပြုချက်မကျသေးဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းဖွင့်လှစ်ထားသည့် ဆိုင်များရှိနေကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်ကြောင့် တရားဝင်လုပ်ထုံးလုပ်နည်းအတိုင်း လျှောက်ထားသည့် လုပ်ငန်းရှင်များမှာ အခက်တွေ့နေရပြီး အာဏာပိုင်များနှင့် နီးစပ်သူများသာ အခွင့်ထူးခံကာ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိနေသည့်အပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။



