မေလ ၈ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့နယ် အတွင်း လျှပ်စစ်ဓာတ်အားခ ကောက်ခံရငွေ အပြည့်အဝ ရရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု (Losses) ရာခိုင်နှုန်း လျော့နည်းစေရေးအတွက်နေအိမ်များသို့ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။မီတာများတွင် မမှန်၊ မကန် ပြုပြင်ထားခြင်း၊ မီတာခိုးယူခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ဓာတ်အားခ ကောက်ခံမှု ဓာတ်အား သုံးစွဲသူများအနေဖြင့် သတ်မှတ်ရက်အတွင်း လျှပ်စစ်မီတာခများကို အပြည့်အဝ ပေးဆောင်ရန် အသိပေးခြင်း၊ Losses လျော့နည်းရေး ဓာတ်အားခိုးယူမှုများ၊ မီတာပျက်စီး မှုများနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် တိုင်နှင့် ဝါယာကြိုးများကို စစ်ဆေးခြင်းများ၊ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်အတွက် ရှောင်တခင် စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။



