back

ဆီစျေးကျလာသော်လည်း တောင်ကြီးတွင် တစ်လီတာ ၁၅၀၀၀ အထိတင်ရောင်းနေဆဲ

May 09 • 1:00 PM

breaking-news

Myanmar

Shan

cover

ဆီစျေးကျလာသော်လည်း တောင်ကြီးတွင် တစ်လီတာ ၁၅၀၀၀ အထိတင်ရောင်းနေဆဲ

တောင်ကြီးမြို့တွင် ဆီဆိုင်အသေးများပြန်လည်ဖွင့်လှစ်လာသော်လည်းပြည်သူများအပေါ်အမြတ်ထုတ်သည့် မှောင်ခိုစျေးနှုန်းများဖြင့်ဆက်လက်ရောင်းချနေဆဲ ဖြစ်ကြောင်းဒေသခံပြောဆိုန...

တောင်ကြီးမြို့တွင် ဆီဆိုင်အသေးများပြန်လည်ဖွင့်လှစ်လာသော်လည်းပြည်သူများအပေါ်အမြတ်ထုတ်သည့် မှောင်ခိုစျေးနှုန်းများဖြင့်ဆက်လက်ရောင်းချနေဆဲ ဖြစ်ကြောင်းဒေသခံပြောဆိုနေကြ သည်။ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယခုတလော စက်သုံးဆီစျေး အနည်းငယ်ပြန်ကျလာသည့်အပြင် အချိန်ကြာမြင့်စွာတန်းစီဝယ်ယူ ရသည့်အခြေအနေလျော့နည်းလာကာ ဆီဆိုင်အသေးများလည်းပြန်လည်ဖွင့်လာသော်လည်း မှောင်ခိုစျေးများဖြင့် ဆက်လက်ရောင်းချနေဆဲဖြစ်သည်။အထူးသဖြင့် လိုက်စင်မဲ့ဆိုင်ကယ်နှင့်ယာဥ်အသုံး ပြုသူများမှာ တရားဝင်ဆီဆိုင်များတွင်ဝယ်ယူရန်အခရ်ခဲရှိနေသဖြင့် စျေးကြီးပေးဝယ်နေရကာ နေ့စဥ်သွားလာရေးအတွက် ပိုမိုဖိအားများလာကြောင်းသိရသည်။လက်ရှိတောင်ကြီးမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးများမှာ အောက်တိန်း 92 တစ်လီတာလျှင်၄၆၈၀ ကျပ်၊ 95 တစ်လီတာလျှင် ၄၈၃၀ ကျပ်၊ ဒီဇယ် ရိုးရိုး တစ်လီတာလျှင် ၅၂၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၂၅၀ ကျပ် တို့ဖြစ်ကြောင်းသိရသည်။






news-view-count-icon

43