ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးရာတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၀၂ ဦး၊ အကျဉ်းသူ ၁၁၄ ဦးနှင့် နိုင်ငံခြားသား ၇ ဦး၊ စုစုပေါင်း ၄၂၃ ဦး ကို ဧပြီလ ၃၀ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့သည်။ လွတ်မြောက်လာသူများကို YBS ယာဉ်များဖြင့် သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်ပေးခဲ့ပြီး နိုင်ငံခြားသားများကိုမူ လူဝင်မှုကြီးကြပ်ရေးဌာနသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့သည်။ အလားတူ မန္တလေးဗဟိုအကျဉ်းထောင်မှလည်း အကျဉ်းသား၊ အကျဉ်းသူ ၉၁ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အရ လူသားချင်းစာနာမှုနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်ရန် ရည်ရွယ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျဉ်းသား ၁,၅၀၈ ဦးနှင့် နိုင်ငံခြားသား ၁၁ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း ဖြစ်ပါသည်။
May 01 • 8:51 AM
Myanmar
Yangon
Share
| 54 | 0 | 0 | 0 |


