မန်ယူအသင်းသည် အသင်းမှထွက်ခွာရန် သတင်းများထွက်ပေါ်ခဲ့သည့် အင်္ဂလန်ကွင်းလယ်လူ ကိုဘီမိုင်နူးကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိမည့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။ အသက် ၂၁ နှစ်အရွယ် မိုင်နူးသည် နည်းပြအမိုရင်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သဖြင့် ပြီးခဲ့သည့် ဇန်နဝါရီက နာပိုလီအသင်းသို့ အငှားသွားရန်အထိ နီးစပ်ခဲ့သော်လည်း၊ ယာယီနည်းပြ ကာရစ်လက်ထက်တွင် ပုံမှန်ကစားခွင့်နှင့်အတူ ခြေစွမ်းပြနိုင်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းသည် မိမိအတွက် အိမ်ကဲ့သို့ဖြစ်ပြီး အရာအားလုံးဖြစ်ကြောင်း စာချုပ်အပြီးတွင် မိုင်နူးက ပြောကြားခဲ့ပြီး၊ ယခုခြေစွမ်းကြောင့် ၎င်းအနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားဝင် အင်္ဂလန်အသင်းတွင် ပါဝင်ခွင့်ရရန်လည်း မျှော်လင့်ချက် မြင့်မားလာခဲ့ကြောင်း သိရှိရပါသည်။
| 27 | 0 | 0 | 0 |


