ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမှတ်(၅)အဆန်နှင့် အမှတ်(၆)အစုန် တိုက်ရိုက် DEMU ရထားခရီးစဉ်သစ်ကို မေလ ၁ ရက်နေ့မှစတင်ကာ နေ့စဉ်စတင်ပြေးဆွဲပေးနေပြီဖြစ်ပြီး လက်မှတ်ခနှုန်းထားများမှာ အထက်တန်း ၄၈,၀၀၀ ကျပ်နှင့် ပထမတန်း ၃၄,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါရထားသည် ရန်ကုန်နှင့် မန္တလေးဘူတာတို့မှ နံနက် ၆ နာရီတွင် အသီးသီးထွက်ခွာပြီး ညနေ ၄ နာရီဝန်းကျင်တွင် ဆိုက်ရောက်မည့်အပြင် လမ်းခရီးတွင် ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည် အပါအဝင် အဓိကဘူတာ ၉ ခု၌ ရပ်တန့်ပေးသွားမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် လက်မှတ်များကို ORTP ဝက်ဘ်ဆိုက်မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ဝယ်ယူနိုင်ပြီး လက်ရှိပြေးဆွဲနေကျဖြစ်သော အမှတ်(၁၁/၁၂) ရထားခရီးစဉ်ကိုလည်း ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
May 01 • 8:31 AM
Myanmar
Yangon
Share
| 65 | 0 | 0 | 0 |


