မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AYA Bank Tri Nations Cup 2026 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပဏာမကစားသမား ၃၅ ဦးဖြင့် ဧပြီလ ၂၇ ရက်မှစတင်ကာ စခန်းသွင်းလေ့ကျင့်နေပြီ ဖြစ်သည်။ အဆိုပါလူစာရင်းတွင် ပြည်တွင်းပြည်ပကလပ်များမှ ထိပ်သီးကစားသမားများ ပါဝင်ပြီး၊ အသင်းကို ယာယီနည်းပြချုပ် ဒေါ်စန်းစန်းသိန်းက ဦးဆောင်ကိုင်တွယ်သွားမည် ဖြစ်သည်။ ဇွန်လအတွင်း ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည့် ယင်းပြိုင်ပွဲပွဲစဉ်များကို ပြည်တွင်းရုပ်သံလိုင်းများနှင့် YouTube တို့မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
AYA Bank Tri Nations Cup 2026 အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမကစားသမား ၃၅ ဦးဖြင့် လေ့ကျင့်မှုစတင်
May 01 • 8:54 AM
Myanmar
Yangon
Share
| 22 | 0 | 0 | 0 |


