back

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တွံတေး-လှိုင်သာယာလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းတစ်ဦး သေဆုံး

May 01 • 7:02 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တွံတေး-လှိုင်သာယာလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းတစ်ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ သုံးအိမ်ကျေးရွာရှိ တွံတေး-လှိုင်သာယာလမ်းပေါ်တွင် မေလ ၁ ရက်နေ့၊ နံနက် ၅ နာရီ ၄၃ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လ...

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ သုံးအိမ်ကျေးရွာရှိ တွံတေး-လှိုင်သာယာလမ်းပေါ်တွင် မေလ ၁ ရက်နေ့၊ နံနက် ၅ နာရီ ၄၃ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းရရှိသဖြင့် တွံတေးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အသက် ၂၄ နှစ်အရွယ်ရှိ ယာဉ်မောင်းအမျိုးသားတစ်ဦးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား စိတ္တသုခလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် တွံတေးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

29