back

ပြည်တွင်း စက်သုံးဆီဈေး အနည်းငယ်ထပ်ကျ

May 01 • 2:37 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း စက်သုံးဆီဈေး အနည်းငယ်ထပ်ကျ

အီရန်စစ်ပွဲတွေကြောင့် ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး ဈေးအဆမတန်မြင့်တက်ခဲ့တဲ့ စက်သုံးဆီဈေးက ဒီတစ်ပတ် အနည်းငယ်ထပ်ကျခဲ့ပါတယ်။အပတ်စဉ် သောကြာတိုင်း သတ်မှတ်တဲ့ ရည်ညွှန်း...

အီရန်စစ်ပွဲတွေကြောင့် ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး ဈေးအဆမတန်မြင့်တက်ခဲ့တဲ့ စက်သုံးဆီဈေးက ဒီတစ်ပတ် အနည်းငယ်ထပ်ကျခဲ့ပါတယ်။အပတ်စဉ် သောကြာတိုင်း သတ်မှတ်တဲ့ ရည်ညွှန်းဈေးအရ ဒီတစ်ပတ် ရန်ကုန်မှာ စက်သုံးဆီဈေးက ဓာတ်ဆီ 92တစ်လီတာ ၄,၅၁၅ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၄,၆၇၀ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၅,၂၇၅ကျပ်နဲ့ ပရီမီယံဒီဇယ် ၆,၄၅၅ကျပ် သတ်မှတ်ထားပါတယ်။ဒီဈေးက ပြီးခဲ့တဲ့ တစ်ပတ်ရည်ညွှန်းဈေးနဲ့ယှဉ်ရင် 92တစ်လီတာ ၁၅၃ ကျပ် ၊ 95 တစ်လီတာ ၂၃၉ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၄၇၇ ကျပ်နဲ့ ပရီမီယံဒီဇယ် ၅၅၇ကျပ် ကျသွားတာပါ။အီရန်စစ်ပွဲတွေကြောင့် ပြည်တွင်းစက်သုံးဆီဈေးက ဖေဖော်ဝါရီ လကုန်ပိုင်းကစတင်ပြီး ခြောက်ပတ်ဆက်တိုက်မြင့်တတ်ခဲ့တာပါ။ခြောက်ပတ်အတွင်းမှာ ‌ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ငွေကျပ် ၂,၄၀၀ ကနေ ၅,၀၀၀ အထိ ဈေးတတ်သွားခဲ့တာဖြစ်ပြီး ဈေးပြန်ကျချိန်မှာတော့ ဖြည်းဖြည်းချင်းသာပြန်ကျနေတာဖြစ်ပါတယ်။

news-view-count-icon

41