back

စုံ/မ စနစ်ကြောင့် ကျောင်းဖွင့်ချိန်တွင် ကျောင်းဖယ်ရီကားများကိုသာ အကြို၊အပို့အတွက် အသုံးပြုမှု များလာနိုင်

May 01 • 2:44 AM

breaking-news

Myanmar

Local

cover

စုံ/မ စနစ်ကြောင့် ကျောင်းဖွင့်ချိန်တွင် ကျောင်းဖယ်ရီကားများကိုသာ အကြို၊အပို့အတွက် အသုံးပြုမှု များလာနိုင်

ကျောင်းဖွင့်ရာသီကာလတွင် စုံ/မ စနစ်ကြောင့် ကျောင်းသားမိဘများအနေဖြင့် ကျောင်းအကြို၊အပို့အတွက် ကိုယ်ပိုင်ယာဉ်ထက် ကျောင်းဖယ်ရီကားများကို အသုံးပြုရမှုများလာနိုင်ပြီး...

ကျောင်းဖွင့်ရာသီကာလတွင် စုံ/မ စနစ်ကြောင့် ကျောင်းသားမိဘများအနေဖြင့် ကျောင်းအကြို၊အပို့အတွက် ကိုယ်ပိုင်ယာဉ်ထက် ကျောင်းဖယ်ရီကားများကို အသုံးပြုရမှုများလာနိုင်ပြီး ကျောင်းဖယ်ရီ ကားခဈေးနှုန်းထားများမှာလည်း အဆမတန်မြင့်မားလာခြင်းကြောင့် ကျောင်းသားမိဘများ အခက်တွေ့လာနိုင်ကြောင်း သိရသည်။လက်ရှိတွင်လည်း ကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိကကျောင်းအချို့တွင် လာမည့် ပညာသင်နှစ်အတွက် ကျောင်းကားခများကို ကြေညာရာတွင် ယခင်နှစ်ကထက်များစွာ မြင့်တက်သွားသည်ဟု သိရသည်။ယခင်က ကျောင်းဖယ်ရီခ ကျပ် တစ်သိန်းကိုး သောင်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် နှစ်သိန်းခွဲမှ သုံးသိန်းခွဲအထိ မြင့်တက်သွားသည်ဟု ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှ ကျောင်းသားမိဘအချို့က ပြောကြား သည်။

news-view-count-icon

59