back

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မှာ မွတ်ဆလင်လူငယ်တစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး

May 01 • 2:34 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မှာ မွတ်ဆလင်လူငယ်တစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် ယမန်နေ့ ညနေ၌ မွတ်ဆင်လင် လူငယ်တစ်ဦး ငါးရှာပြီး အိမ်ပြန်လာစဉ် မိုးကြိုးပစ်ခံကာ သေဆုံး သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ သေဆုံးသ...

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် ယမန်နေ့ ညနေ၌ မွတ်ဆင်လင် လူငယ်တစ်ဦး ငါးရှာပြီး အိမ်ပြန်လာစဉ် မိုးကြိုးပစ်ခံကာ သေဆုံး သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ် သဇင်တောမွတ်ဆလင်ရွာက (ဘ) ဦးနော်အီးဆောင်းရဲ့သား အသက် (၂၈) နှစ်အရွယ် ချောချုးအာနာ ဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောကြားပါတယ်။ "သူက ရွာတောင်ဖက်ကိုသွားပြီး ငါးရှာတယ်၊ပြန်အလာမှာမိုးကြိုးပစ်လို့ လမ်းမှာ သေဆုံးသွားတယ်။ ဧပြီ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန်မှာ ရွာတောင်ဖက်က ငါးရှာလို့အိမ်ပြန်လာစဉ် မိုးကြိုးပစ်လို့သေဆုံးသွားပါတယ်” လို့ ပြောပါတယ်။ ဧပြီလ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် နဂူမြေကျေးရွာမှ ကျောင်းဆရာ အမျိုးသား တစ်ဦးလည်း မိုးကြိုးပစ်ခံထိပြီး သေဆုံးခဲ့ပါတယ်။


news-view-count-icon

27