ပြည်တွင်းမှထွက်ရှိတဲ့ ရေထွက်ကုန်ပစ္စည်းများအနက် ပြည်ပသို့ ပုစွန်တင်ပို့မှုမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၃၃ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရပါတယ်။ပုစွန်တစ်မျိုးတည်း တင်ပို့မှုအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်အထိ ပြည်ပသို့ ပုစွန်တန်ချိန် စုစုပေါင်း ၁၀,၅၈၁ ဒသမ ၅၂၄ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၁၃၆ သန်း ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ပုစွန်တန်ချိန် ၉,၅၉၃ ဒသမ ၅၉၄ တန်နှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ပုစွန်တန်ချိန် ၉၈၇ ဒသမ ၉၃ တန် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
| 33 | 0 | 0 | 0 |

တောင်ကိုရီးယားက ပင်လယ်ကွေ့ဒေသသို့ လက်နက်တင်ပို့မှု မြှင့်တင်နေသော်လည်း ပြည်တွင်းစစ်ရေးအသင့်ဖြစ်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်နေရ
မလေးရှားမှ ယူအေအီးနိုင်ငံ၊မက္ကာမြို့သို့လာသော ခရီးသွားများအတွက် နေအိမ်ကို လွမ်းဆွတ်မှုပြေပျောက်စေမည့် ရိုးရာအစားအစာများကို ဘောလုံးသမားဟောင်းတစ်ဦး စီစဉ်ပေးနေ

