ချယ်လ်ဆီးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း အလွန်ဆိုနဲ့ သူ့ရဲ့အေးဂျင့်ကို ချဥ်းကပ်နေကြောင်း သတင်းထွက်လာခဲ့ပါတယ်။ချယ်လ်ဆီးအသင်းဟာ နည်းပြ လီယမ်ရိုဆီနီယာကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် မက်ဖာလိန်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ပေးထားပါတယ်။လက်ရှိအချိန်မှာ ဘုန်းမောက်နည်းပြ အီရာအိုလာက ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာဖို့ အလားအလာအကောင်းဆုံးဖြစ်ကြောင်း ထင်ကြေးပေးမှုတွေ ရှိနေပေမဲ့ ချယ်လ်ဆီးအသင်းက တခြားနည်းပြတွေကိုလည်း နည်းပြသစ်လျာထားစာရင်းထဲ ထည့်သွင်းထားကြောင်း သိရပါတယ်။ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်လျာထားစာရင်းထဲမှာ မာကိုဆေးလ်ဗားနဲ့ ဇာဗီတို့လည်း ပါဝင်နေပြီး အလွန်ဆိုကသာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့စိတ်ဝင်စားရင် ချယ်လ်ဆီးတာဝန်ရှိသူတွေက သူ့ကို ဦးစားပေးကမ်းလှမ်းဖွယ်ရှိကြောင်းလည်း သိရပါတယ်။
Apr 30 • 2:40 AM
Myanmar
International
Share
| 34 | 0 | 0 | 0 |


