back

မြန်မာနိုင်ငံမြောက်ပိုင်းနေရာများတွင် မြေရှား၊ ရွှေနှင့်သတ္တုများ အဆင်အခြင်မဲ့ တူးဖော်မှုများကြောင့် အာရှ၏ အရှည်လျားဆုံး သံလွင်မြစ်ကြီး အဆိပ်သင့်ညစ်ညမ်း

Apr 30 • 2:41 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံမြောက်ပိုင်းနေရာများတွင် မြေရှား၊ ရွှေနှင့်သတ္တုများ အဆင်အခြင်မဲ့ တူးဖော်မှုများကြောင့် အာရှ၏ အရှည်လျားဆုံး သံလွင်မြစ်ကြီး အဆိပ်သင့်ညစ်ညမ်း

မြန်မာနိုင်ငံမြောက်ပိုင်း နေရာများတွင် မြေရှား၊ ရွှေနှင့်သတ္တု အဆင်အခြင်မဲ့ တူးဖော်မှုများကြောင့် အာရှ၏ အရှည်လျားဆုံး သဘာဝ သံလွင်မြစ်ကြီး ညစ်ညမ်းနေကြောင်း သဘာဝပ...

မြန်မာနိုင်ငံမြောက်ပိုင်း နေရာများတွင် မြေရှား၊ ရွှေနှင့်သတ္တု အဆင်အခြင်မဲ့ တူးဖော်မှုများကြောင့် အာရှ၏ အရှည်လျားဆုံး သဘာဝ သံလွင်မြစ်ကြီး ညစ်ညမ်းနေကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာများကို အဓိကထား တင်ဆက်နေသည့် သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။ တိဗက်ကုန်းပြင်မြင့်မှ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ လွတ်လပ်စွာ စီးဆင်းနေပြီး အာရှ၏ အရှည်လျားဆုံး သဘာဝမြစ်ကြီးဖြစ်သည့် သံလွင်မြစ်အတွင်း အဆိပ်သင့် အာဆင်းနစ်ဓာတ်များ စံချိန်တင် ညစ်ညမ်းနေကြောင်း သုတေသနပြုချက်များအရ သိရှိရသည်။ အဆိုပါအခြေအနေကြောင့် မြစ်ကြောင်းတစ်လျှောက် မှီတင်းနေထိုင်ကြသည့် တံငါသည်များ၊ တောင် သူလယ်သမားများနှင့် ကျေးရွာသားများမှာ ကြီးမားသည့် ကျန်းမာရေးဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။သံလွင်မြစ်ကို သောက်သုံးရေ၊ ချိုးရေနှင့် စိုက်ပျိုးရေးအတွက် အားထားနေရသည့် ဒေသခံများမှာ အဆိုပါ ညစ်ညမ်းမှုသတင်းကို အစိုးရဌာနများထံမှ တရားဝင်သိရှိရခြင်းမရှိဘဲ တစ်ဆင့်စကားဖြင့်သာ ကြားသိနေရသဖြင့် သတင်းအချက်အလက် ရရှိမှု အလွန်နည်းပါးနေသည်။မြစ်ရေညစ်ညမ်းနေသည်ကို သိရှိသူများမှာ ငါးဖမ်းရန်နှင့် စိုက်ပျိုးရန် ကြောက်ရွံ့နေကြပြီး ဖမ်းမိသည့် ငါးများကိုလည်း ရောင်းချရန် ခက်ခဲနေသည်။

news-view-count-icon

58