back

တရုတ်နိုင်ငံကို ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်တင်သင်္ဘော လွှဲပြောင်းပေးအပ်

Apr 30 • 2:37 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံကို ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်တင်သင်္ဘော လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမြို့တွင် မော်တော်ယာဉ်တင်သင်္ဘောအမျိုးအစားတွင် ကမ္ဘာ့အကြီးဆုံးဖြစ်သည့် စွမ်းဆောင်ရည်အမြင့်ဆုံး ကားအစီးရေ ၁၀,၈၀၀ တင်ဆောင်နိုင်သ...

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမြို့တွင် မော်တော်ယာဉ်တင်သင်္ဘောအမျိုးအစားတွင် ကမ္ဘာ့အကြီးဆုံးဖြစ်သည့် စွမ်းဆောင်ရည်အမြင့်ဆုံး ကားအစီးရေ ၁၀,၈၀၀ တင်ဆောင်နိုင်သော မော်‌တော်ကားတင်သင်္ဘောကို ဧပြီ ၂၈ ရက်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။Glovis Leader ဟု အမည်ပေးထားသော အဆိုပါ သင်္ဘောကို တရုတ်နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်း (CSSC) အောက်ရှိ ကွမ်ကျိုး နိုင်ငံတကာ သင်္ဘောကျင်းကုမ္ပဏီလီမိတက်နှင့် China Shipbuilding Trading ကုမ္ပဏီလီမိတက်တို့က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုသင်္ဘောကို တောင်ကိုရီးယားနိုင်ငံရှိ ဦးဆောင် သင်္ဘောလုပ်ငန်းကုမ္ပဏီဖြစ်သော HMM ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုသို့လွှဲပြောင်းပေးအပ်ပြီးနောက် တောင်ကိုရီးယားနိုင်ငံ အခြေစိုက် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ Hyundai Glovis ကုမ္ပဏီလီမိတက်က သင်္ဘောကို အသုံးပြုလည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

15