ရန်ကုန်တိုင်း၊ရွှေတိဂုံစေတီတော်မှာ နေ့အပူချိန်ပြင်းတဲ့အတွက် ဘုရားဖူးရေသောက်သုံးသူတွေများပြားလို့ သောက်ရေဗူးတစ်နေ့ကိုဗူး(၁၀၀)ခန့်ပုံမှန်သောက်သုံးကြတယ်လို့ ရေကုသိုလအသင်း(တနင်္ဂနွေထောင့်) ကျောက်စိမ်းတန်ဆောင်းအဖွဲ့ဝင်တွေထံမှသိရပါတယ်။ကဆုန်လပြည့်ဗုဒ္ဓနေ့အတွက် ရွှေတိဂုံဘုရားဖူးတွေကို သောက်ရေလှူဒါန်းနိုင်သလို သောက်ရေသန့် အတွက်စစ်ထုတ်ပေးမယ့်ရေစစ်အလှူတွေအတွက်လည်းပါဝင်လှူဒါန်းနိုင်တယ်လို့ဆိုပါတယ်။ကဆုန်လပြည့်နေ့မှာ ရေကုသိုလ်ယူချင်သူတွေအနေနဲ့ တနင်္ဂနွေထောင့် ကျောက်စိမ်းတန်ဆောင်းရှိရေကုသိုလ် အသင်းမှာပါဝင်လှူဒါန်းနိုင်သလို ဂေါပကအဖွဲ့တွေထံမှာလည်းပါဝင်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
Apr 30 • 2:35 AM
Myanmar
Yangon
Share
| 32 | 0 | 0 | 0 |


