မန္တလေးမြို့တွင် ယမန်နေ့ ဧပြီ ၂၉ရက် ညနေပိုင်းက မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် ဆောက်လက်စ အဆောက်အဦ၏ ဝါးငြမ်းပြိုကျခြင်း၊ သစ်ပင်တချို့ လဲပြိုခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း မန္တလေးမီးသတ်အသိုင်းအဝိုင်းမှ သိရသည်။ယမန်နေ့ ညနေ ၅နာရီခွဲအချိန်က မိုးရွာပြီးလေပြင်းတိုက်ခတ်မှုကြောင့် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန် လုံရပ်ကွက်၊ ၁၅လမ်းနှင့် ၈၇(G)လမ်းထောင့်ရှိ RC ၆ထပ်ဆောက်လက်စ အဆောက်အဦး၏ ဝါးငြမ်းများပြိုကျပြီး 33KVAဓာတ်အားလိုင်းပေါ်ပိနေ၍ သန္ဓေနှင့်အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဖယ်ရှား ရှင်းလင်းရေးလုပ်ငန်းများစတင် ဆောင်ရွက်ခဲ့ရသည်။ထို့ပြင် အောင်မြေသာစံမြို့နယ်၊ ၈၇လမ်း ၂၂လမ်းထောင့်ရှိ အိမ်ပေါ် သို့ သစ်ပင်ပိမိနေသဖြင့် သီရိမာလာအရှေ့နှင့် သီရိမာလာအနောက် မီးသတ်စခန်းတို့မှ အရန်မီးသတ်များက ဖယ်ရှားရှင်းလင်းခဲ့သည်။
Apr 30 • 1:59 AM
Myanmar
Mandalay
Share
| 21 | 0 | 0 | 0 |


