back

ထိုင်းနိုင်ငံမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများ ထောက်ခံစာတစ်စောင်လျှင် ဘတ် ၁၅၀ ဖြင့် လျှောက်ထားနိုင်

Apr 30 • 1:58 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများ ထောက်ခံစာတစ်စောင်လျှင် ဘတ် ၁၅၀ ဖြင့် လျှောက်ထားနိုင်

ထိုင်းနိုင်ငံမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများ ထောက်ခံစာတစ်စောင်လျှင် ဘတ် ၁၅၀ ဖြင့် လျှောက်ထားနိုင်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက...

ထိုင်းနိုင်ငံမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများ ထောက်ခံစာတစ်စောင်လျှင် ဘတ် ၁၅၀ ဖြင့် လျှောက်ထားနိုင်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်သည်။ ၂၀၂၆ ခုနှစ်၊ မေ ၅ ရက်မှစတင်၍ Passport မျက်နှာပြင်မိတ္တူနှင့် သက်တမ်းရှိဗီဇာ စာမျက်နှာမိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ OWIC ကတ်မိတ္တူ (OWIC လျှောက်ထားခဲ့စဉ်က တင်ပြခဲ့သည့် လုပ်ငန်းခွင်မှ အခြားလုပ်ငန်းခွင်သို့ ပြောင်းလဲလုပ်ကိုင်ခဲ့ပါက အလုပ်ပြောင်းရွှေ့စာ ပူးတွဲတင် ပြရန် လိုအပ်ပါမည်။)၊ Work Permit မိတ္တူ၊ ကုမ္ပဏီ/ဌာန/အလုပ်ရှင်ခွင့်စာ၊ လေယာဉ်လက်မှတ်မိတ္တူ၊ Bangkok Bank ရှိ သံရုံး၏ ငွေစာရင်းအမှတ် 101-348-1922 (Embassy of the Republic of the Union of Myanmar) သို့ တစ်စောင်လျှင် ဘတ် ၁၅၀/- ပေးသွင်းပြီး ကြောင်း ဘဏ်ချလံမူရင်း စသည်တို့နှင့် လာရောက် လျှောက်ထားနိုင်သည် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

19