back

နိုင်ငံတစ်ဝန်းရှိ အကျဉ်းသား/သူ ၁,၅၀၈ ဦးအား ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့

Apr 30 • 1:57 AM

breaking-news

Myanmar

Local

breaking-news
cover

နိုင်ငံတစ်ဝန်းရှိ အကျဉ်းသား/သူ ၁,၅၀၈ ဦးအား ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့

နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ...

နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင် အမိန့်အမှတ် ၅၁/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းလွတ်ငြိမ်းခွင့်ကို ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်ပါဝင်နိုင်စေရန် ရည်ရွယ်၍ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ နိုင်ငံတော်သမ္မတသည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုပြစ်ဒဏ်မှ ကျန်ရှိသည့်ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်” ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ လွတ်ငြိမ်းခွင့်ရရှိသူများသည် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးမှ ဖြစ်ကြောင်း သိရသည်။

news-view-count-icon

107