နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်နှင့် အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ချမှတ်လိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင် အမိန့်အမှတ် ၅၂/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျန်ရှိသည့်ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လွတ်ငြိမ်းခွင့်ရရှိသည့် နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးအား ပြည်နှင်ဒဏ်ပေးလိုက်ကြောင်းလည်း အမိန့်တွင် ဖော်ပြထားသည်။
Apr 30 • 1:56 AM
Myanmar
Local
Share
| 49 | 0 | 0 | 0 |


