ဒေါ်လာတန်ဖိုးနဲ့ ရေနံစျေးတွေ မြင့်တက်လာပြီးနောက် ဧပြီ ၂၉ ရက်နေ့ စျေးကွက်အတွင်းမှာတော့ ကမ္ဘာ့ရွှေ စျေးဟာ သုံးပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်းသွားခဲ့ပြီးဒေါ်လာ ၄၅၀၀ ခန့်ပြန်လည်ရောက်ရှိလာတယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။ အားကောင်းနေတဲ့ ဒေါ်လာကြောင့် ရွှေဝယ်ယူသူတွေ အခက်အခဲ ဖြစ်နေပြီး၊ မြင့်တက်နေတဲ့ ရေနံစျေးကလည်း ရွှေစျေးကွက်ကို ဖိအားတွေ သက်ရောက်စေခဲ့ပါတယ်။ရေနံစျေးမြင့်တက်နေတာဟာ ဒေါ်နယ်ထရမ့် နဲ့ အီရန်တို့ရဲ့ ပဋိပက္ခကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ဟော်မုဇ်ရေ လက်ကြား ပိတ်ဆို့ထားတာကြောင့်လည်း ဖြစ်ပါတယ်။ ရေနံသယ်ယူရာလမ်းကြောင်း ရှည်လျှားလာတာကြောင့် ရေနံစီးဆင်းမှုရပ်တန့်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရကာ၊ ရေနံစျေးမြင့်တက်နေပြီး ရွှေအပေါ်ကို ဖိအားတွေ သက်ရောက်စေတာပါ။
Apr 30 • 1:53 AM
Myanmar
International
Share
| 37 | 0 | 0 | 0 |


