back

ပုသိမ်မြို့ KTV တစ်ခုတွင် လူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွား၊လမ်းသွားလမ်းလာ သက်ကြီးရွယ်အိုများကိုပါ ရန်မှုခဲ့ကြောင်းသိရ

Apr 29 • 4:41 PM

breaking-news

Myanmar

Ayeyarwady

cover

ပုသိမ်မြို့ KTV တစ်ခုတွင် လူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွား၊လမ်းသွားလမ်းလာ သက်ကြီးရွယ်အိုများကိုပါ ရန်မှုခဲ့ကြောင်းသိရ

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့၊အမှတ်(၁၃)ရပ်ကွက်ရှိ Music House KTV တွင် ဧပြီလ၂၇ရက် ည ၁၀၀၀အချိန် လူ(၄)ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့မှ အမျိုးသမီးတစ်ဦးနှင့် KTV ဝ...

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့၊အမှတ်(၁၃)ရပ်ကွက်ရှိ Music House KTV တွင် ဧပြီလ၂၇ရက် ည ၁၀၀၀အချိန် လူ(၄)ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့မှ အမျိုးသမီးတစ်ဦးနှင့် KTV ဝန်ထမ်းတစ်ဦးတို့ကို ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါလူစုသည် ငုဝါလမ်းရှိ Music House KTV အတွင်း၌ ဦးစွာပထမ အမျိုးသမီးတစ်ဦးကို ဝိုင်းဝန်းကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြပြီးနောက် တားဆီးရန်ကြိုးပမ်းသည့် ဆိုင်ဝန်ထမ်းတစ်ဦးကိုပါ ထပ်မံရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းနောက် ဆိုင်အတွင်းမှ ပြန်လည်ထွက်ခွာလာစဉ် လမ်းသွားလမ်းလာ အဖိုးအိုတစ်ဦးနှင့် အဖွားအိုတစ်ဦးတို့ကိုပါ အကြောင်းမဲ့ ထပ်မံရန်မူခဲ့ကြသဖြင့် စုစုပေါင်း ရိုက်နှက်ခံရသူ (၄) ဦးအထိ ရှိခဲ့သည်။ကျူးလွန်သူ ရဲဝင်းဦး အပါ( ၄)ဦးသည် မြိုင်ဟေမာလမ်းရှိ အားကစားတိုက်ခန်း (ကိုးသိန်းအားကာတိုက်ခန်း၊ အခန်း( ၄)တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည် ၎င်းတို့အဖွဲ့သည် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပူးပေါင်း၍ ယခုကဲ့သို့ သောင်းကျန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသခံများထံမှ သိရသည်။ 

news-view-count-icon

33