ရှမ်းပြည်နယ်တောင်ပိုင်း၊ ဧပြီလ ၂၇ နှင့်၂၈ ရက်နေ့တွင် ရွာငံမြို့နယ်တွင် မိုးသက်လေပြင်းများကျရောက်ခဲ့သည့်အတွက် ရာသီပေါ်စိုက်ခင်းများအပြင် သီးနှံမျိုးစေ့များပျက်စီးခဲ့သည်။လက်ရှိတွင် ရေများပြန်လှည်ကျဆင်းနေသော်လည်း ပျက်ဆီးသွားသည့် စိုက်ခင်းပိုင်ရှင်များအနေနှင့် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။အလားတူ ဧပြီ ၂၈ ရက်နေ့တွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် အောင်ပန်းမြို့ ပြည်ထောင်စုလမ်းနှင့် မြနန္ဒာရေထွက်ဦးလမ်းဆုံနေရာတွင် တည်ရှိသော သီရိမင်္ဂလာ အောင်ချမ်းသာစေတီတော်ထီတော်တင်ပွဲအတွက်ပြုလုပ်ထားသော အဝင်မုဒ်ဦးပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။



