back

ပျော်ဘွယ်မှာ ညအိပ်ရပ်နားထားတဲ့ တွဲကား ဓားပြတိုက်ခံရ

Apr 29 • 3:12 PM

breaking-news

Myanmar

Mandalay

cover

ပျော်ဘွယ်မှာ ညအိပ်ရပ်နားထားတဲ့ တွဲကား ဓားပြတိုက်ခံရ

ဒီကနေ့ ဧပြီ ၂၉ ရက် မနက် ၃နာရီခန့်က ပျော်ဘွယ်မြို့နယ်၊ ဘုရားငါးဆူ - ပျော်ဘွယ်မြို့ရှောင်လမ်းက ဆီဆိုင်တစ်ဆိုင်ရှေ့မှာ ကားတံခါး ပိတ်ပြီး ညအိပ်ရပ်နားနေတဲ့ ကုန်တင်တွ...

ဒီကနေ့ ဧပြီ ၂၉ ရက် မနက် ၃နာရီခန့်က ပျော်ဘွယ်မြို့နယ်၊ ဘုရားငါးဆူ - ပျော်ဘွယ်မြို့ရှောင်လမ်းက ဆီဆိုင်တစ်ဆိုင်ရှေ့မှာ ကားတံခါး ပိတ်ပြီး ညအိပ်ရပ်နားနေတဲ့ ကုန်တင်တွဲကားတစ်စီးကို လူ၃ ဦးက ဓားပြတိုက်ခဲ့တာဖြစ်ကြောင်း၊ ကားသမားတွေဆီက ဖုန်း ၃လုံး၊ ကျပ် ၈သိန်းဝန်းကျင်နဲ့ Kpay ၆ သိန်းပါသွားကြောင်း ဖြစ်စဥ်သိမြင်လိုက်သူတွေက ပြောပါတယ်။ ဓါးပြတွေဟာ လူငယ်ပိုင်းတွေလို့ ယူဆရပြီး ကားသမားတွေဆီကနေ Kpay ပါ ဖုန်းရဲ့ ဖုန်း စကားဝှက်နဲ့ Kpay စကားဝှက်တွေကအစ တောင်းယူသွားတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက် ညကလည်း မိတ္ထီလာမြို့၊ မြို့ရှောင်လမ်းဆုံမှာ အိမ်စီးကားနဲ့စောင့်နေတဲ့ လူတစ်စုက ဖြတ်သန်းလာတဲ့ ယာဥ်တစ်စီးကို တားပြီး ယာဉ်မောင်းတစ်ဦးနဲ့ စပါယ်ယာတစ်ဦးထံကနေ ကျပ် ၁၀ သိန်း တောင်းယူသွားကြောင်း ငွေတောင်းခံလိုက်ရတဲ့ နီးစပ်သူတွေက ပြောပါတယ်။ 





news-view-count-icon

19