back

ရန်ကုန်တွင် သုံးရေတစ်စည်ကို ငွေကျပ် ၆,၀၀၀ ပေးဝယ်နေရ

Apr 30 • 1:54 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တွင် သုံးရေတစ်စည်ကို ငွေကျပ် ၆,၀၀၀ ပေးဝယ်နေရ

ရန်ကုန်မြို့ကို ရေအဓိကဖြန့်ဖြူးပေးနေတဲ့ ဂျိုးဖြူကန်က ရေအလုံအလောက်မရတဲ့အတွက် သုံးဖို့ရေကို ဈေးကြီးပေးပြီး ဝယ်ယူနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့...

ရန်ကုန်မြို့ကို ရေအဓိကဖြန့်ဖြူးပေးနေတဲ့ ဂျိုးဖြူကန်က ရေအလုံအလောက်မရတဲ့အတွက် သုံးဖို့ရေကို ဈေးကြီးပေးပြီး ဝယ်ယူနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက ရန်ကုန်က ရေကစားမဏ္ဍပ်တွေကို ဂျိုးဖြူက ရေဖြန့်ဖြူးပေးခဲ့ပြီး လူနေတိုက်ခန်းတွေကို ရေမပေးတဲ့အတွက်လည်း ၅ ရက်လောက် သုံးရေပြတ်သွားခဲ့ဖူးပါတယ်။ သင်္ကြန်ပြီးကတည်းက ဂျိုးဖြူကန်က ၂ ရက်ကို ရေတကြိမ်သာ ပေးတဲ့အတွက် သုံးရေ အခက်အခဲကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ဒေါပုံမြို့နယ်မှာတော့ အဝီစိတွင်းရှိတဲ့သူတွေက ပြန်လည်ရောင်းချတဲ့ရေကို ရေစည်တစည် ငွေကျပ် ၆,၀၀၀ ပေးပြီးဝယ်သုံးနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

news-view-count-icon

30