ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၊ ရပ်ကွက် ၃ တွင် ယနေ့ ဧပြီ ၂၉ ရက် နံနက် ၆ နာရီခွဲတံင် ယင်းကားတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားတိုက်ခံရ၍ သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၆၀ ကျော်ရှိကာ ၎င်းကို ကားဖြင့်တိုက်မိသူ ဘုန်းကြီးကို ရဲများက ခေါ်ဆောင်သွားကြောင်း သိရသည်။ဘုန်းကြီးများ ကိုယ်တိုင် ကားမောင်းခြင်းများကို တားမြစ်ရန် မဟာသံဃနာယက ဆရာတော်အဖွဲ့က ပြီးခဲ့သည့် ဧပြီ ၃ ရက်ကပင် စာထုတ်ပြန်ထားသည်။



