၂၉.၄.၂၀၂၆ ရက်နေ့၊ ၁၆ : ၃၀ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မြို့ရှောင်လမ်းတွင် အချိုရည်များ တင်ဆောင်လာသော တွဲကားနောက်တွဲယာဉ် တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်မြို့နယ်မီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါ။



