ဖားကန့်-ကားမိုင်းလမ်းပိုင်းတစ်နေရာမှာခရီးသည်တင်ယာဉ် ၉ စီးနဲ့ယာဉ်မောင်းတွေကို ဖမ်းဆီးထားတာ (၄)ရက်ကြာမြင့်တဲ့အထိ ပြန်လည်လွှတ်မြောက်ပေးခြင်းမရှိသေးဘူးလို့ စုံစမ်းသိရပါတယ်။ ဧပြီလ ၂၆ ရက်နေ့မှာယာဉ်မောင်းအပါအဝင် ခရီးသည်တွေအားလုံးဖမ်းဆီးခံခဲ့ရပြီး ခရီးသည်တွေကိုတော့ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။လမ်းပိတ်ပြီး နောက်တစ်ရက်အကြာမှာလည်း ခရီးသည်တင်ယာဉ်တစ်စီးပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦးသေဆုံးတဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါတယ်။ လမ်းပိုင်းပိတ်ပင်ထားမှုတွေကြောင့် ဖားကန့်မြို့နယ်ကိုတက်မယ့် ကားအစီးရာနှင့်ချီလည်း ပိတ်မိနေပြီး ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။



