back

“ဝိဇ္ဇာအောင်” လေးဖက်နာဆေးသည် မှတ်ပုံတင်မရှိသော ဆေးဝါးဖြစ်ကြောင်း ထုတ်ပြန်

Apr 29 • 7:53 AM

breaking-news

Myanmar

Local

cover

“ဝိဇ္ဇာအောင်” လေးဖက်နာဆေးသည် မှတ်ပုံတင်မရှိသော ဆေးဝါးဖြစ်ကြောင်း ထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော “ဝိဇ္ဇာအောင်” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေး (ဆေးမှုန့်/ဆေးထုပ်) သည် တိုင်းရင်းဆေးဝါးမှတ်ပု...

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော “ဝိဇ္ဇာအောင်” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေး (ဆေးမှုန့်/ဆေးထုပ်) သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်ကြောင်း အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသည့် တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

news-view-count-icon

38