back

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လဲကျသွားသည့် သစ်ပင်များကို မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဆောင်ရွက်

Apr 29 • 7:52 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လဲကျသွားသည့် သစ်ပင်များကို မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဧပြီလ ၂၈ ရက် နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပြည်တော်သာ၊ တမ္ပဝတီနှင့် သ...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဧပြီလ ၂၈ ရက် နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပြည်တော်သာ၊ တမ္ပဝတီနှင့် သာယာအေးရပ်ကွက်တို့၌ သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ပိတ်ဆို့နေမှုများကို ဧပြီလ ၂၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် လုပ်ငန်းများပြီးစီးသွားခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းဆုံးရှုံးမှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

22