back

တားမြစ်ပစ္စည်းများ သယ်ဆောင်လာသည့် မြန်မာလုပ်သား ၁၂၃ ဦး ကိုရီးယားနိုင်ငံသို့ ရောက်ရှိ၊ ပြည်ဝင်ခွင့်ရရှိရေး သံရုံးက ကူညီဆောင်ရွက်ပေးခဲ့ရ

Apr 29 • 7:45 AM

breaking-news

South Korea

Local News

cover

တားမြစ်ပစ္စည်းများ သယ်ဆောင်လာသည့် မြန်မာလုပ်သား ၁၂၃ ဦး ကိုရီးယားနိုင်ငံသို့ ရောက်ရှိ၊ ပြည်ဝင်ခွင့်ရရှိရေး သံရုံးက ကူညီဆောင်ရွက်ပေးခဲ့ရ

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်လိုက်သော မြန်မာကုန်ထုတ်လုပ်သားသစ် ၁၂၃ ဦးသည် ဧပြီလ ၂၈ ရက်တွင် ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆ...

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်လိုက်သော မြန်မာကုန်ထုတ်လုပ်သားသစ် ၁၂၃ ဦးသည် ဧပြီလ ၂၈ ရက်တွင် ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်သို့ ရောက်ရှိခဲ့ရာ အချို့လုပ်သားများမှာ ကိုရီးယားနိုင်ငံမှ တားမြစ်ထားသော အသားထွက်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များကို သယ်ဆောင်လာခဲ့သဖြင့် ၎င်းတို့ ပြည်ဝင်ခွင့်ရရှိရေးအတွက် မြန်မာသံရုံး အလုပ်သမားသံအရာရှိက လေဆိပ်တွင် လိုက်လံကူညီပေးခဲ့ရကြောင်း သိရသည်။ ကိုရီးယားနိုင်ငံသို့ အသား၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ သစ်သီးဝလံနှင့် မျိုးစေ့များ သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိပါက ပစ္စည်းများသိမ်းဆည်းခံရခြင်းအပြင် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းနှင့် ဒဏ်ငွေ ဝမ်သိန်း ၁၀၀ အထိ ချမှတ်ခံရနိုင်သဖြင့် နောက်နောင်စေလွှတ်မည့် လုပ်သားများအနေဖြင့် တားမြစ်ပစ္စည်းများ သယ်ဆောင်လာခြင်းမပြုရန် ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အထူးသတိပေး နှိုးဆော်ထားပါသည်။

news-view-count-icon

16