ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မယ်ဆိုင်ချောင်း၊ နမ့်ယွန်းချောင်းနှင့် မယ်ခေါင်ချောင်းအပါအဝင် ရေချောင်း၊ ရေမြောင်းများနှင့် လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို တွေ့ရှိပါက ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ မြို့တွင်းချောင်းမြောင်းများအတွင်း အမှိုက်များစွန့်ပစ်မှုကြောင့် ရေစီးရေလာပိတ်ဆို့ခြင်း၊ အနံ့အသက်ဆိုးရွားကာ ကျန်းမာရေးထိခိုက်ခြင်းနှင့် မြို့အင်္ဂါရပ်ပျက်ပြားခြင်းတို့ ဖြစ်ပေါ်နေသဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနက ယခုကဲ့သို့ တားမြစ်မိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများကို စည်ပင်သာယာရေးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီတို့ ပူးပေါင်း၍ စနစ်တကျဆောင်ရွက်ပေးလျက်ရှိရာ လိုက်နာမှုမရှိဘဲ စည်းကမ်းမဲ့စွန့်ပစ်ကြောင်း စိစစ်တွေ့ရှိရပါကစည်ပင်ဥပဒေပုဒ်မ (၇၈) အရ ဒဏ်ငွေချမှတ်ခြင်းအပြင် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
တာချီလိတ်၌ ရေနုတ်မြောင်းနှင့် ချောင်းများအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို စည်ပင်ဥပဒေဖြင့် ထိရောက်စွာ အရေးယူမည်
Apr 29 • 7:46 AM
Myanmar
Shan
Share
| 26 | 0 | 0 | 0 |


