back

ထိုင်းနိုင်ငံ၊ ဖူးခက်တွင် တုက်တုက်စီးရင်း အရှက်မဲ့စွာ ကိုယ်အင်္ဂါလှန်ပြခဲ့သည့် နိုင်ငံခြားသားခရီးသွားများ ဝေဖန်ခံနေရ

Apr 29 • 7:44 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ဖူးခက်တွင် တုက်တုက်စီးရင်း အရှက်မဲ့စွာ ကိုယ်အင်္ဂါလှန်ပြခဲ့သည့် နိုင်ငံခြားသားခရီးသွားများ ဝေဖန်ခံနေရ

ထိုင်းနိုင်ငံ၊ ဖူးခက်ပြည်နယ်၊ ပါတုန်ကမ်းခြေတွင် တုက်တုက်သုံးဘီးဆိုင်ကယ် စီးနင်းနေစဉ်အတွင်း ၎င်းတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အများပြည်သူရှေ့တွင် အရှက်မဲ့...

ထိုင်းနိုင်ငံ၊ ဖူးခက်ပြည်နယ်၊ ပါတုန်ကမ်းခြေတွင် တုက်တုက်သုံးဘီးဆိုင်ကယ် စီးနင်းနေစဉ်အတွင်း ၎င်းတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အများပြည်သူရှေ့တွင် အရှက်မဲ့စွာ ဖော်ထုတ်ပြသခဲ့သည့် နိုင်ငံခြားသားခရီးသွားတစ်စု၏ လုပ်ရပ်ကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှုများ ပြင်းထန်လျက်ရှိသည်။ ဧပြီလ ၂၇ ရက်နေ့က လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ဓာတ်ပုံများအရ အဆိုပါခရီးသွားများသည် မောင်းနှင်နေသည့် တုက်တုက်ကားပေါ်တွင် မတ်တပ်ရပ်လျက် ၎င်းတို့နောက်မှ လိုက်ပါလာသည့် ယာဉ်မောင်းများကို မျက်နှာမူကာ ဘောင်းဘီများချွတ်၍ -င်လှန်ပြခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ ယဉ်ကျေးမှုနှင့် မလျော်ညီသည့် အပြုအမူများအပေါ် ဒေသခံများနှင့် အွန်လိုင်းအသုံးပြုသူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချနေကြပြီး သက်ဆိုင်ရာက အရေးယူပေးရန် တောင်းဆိုမှုများ ရှိနေကြောင်း သိရှိရပါသည်။

news-view-count-icon

13