back

ထိုင်းနိုင်ငံတွင် ခြင်သေများကို အမှတ်တရပစ္စည်းအဖြစ် ဖန်တီးရောင်းချသည့်လုပ်ငန်း တစ်ရက်လျှင် ဘတ်သောင်းချီ ဝင်ငွေရရှိနေ

Apr 29 • 7:32 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် ခြင်သေများကို အမှတ်တရပစ္စည်းအဖြစ် ဖန်တီးရောင်းချသည့်လုပ်ငန်း တစ်ရက်လျှင် ဘတ်သောင်းချီ ဝင်ငွေရရှိနေ

ထိုင်းနိုင်ငံမှ TikTok အသုံးပြုသူ အမျိုးသမီးတစ်ဦးသည် ခြင်သေများကို အမှောင်ထဲတွင် လင်းထိန်နိုင်သည့် သော့ချိတ်များအဖြစ် တီထွင်ဖန်တီးရောင်းချရာမှ တစ်ရက်လျှင် ဘတ်သေ...

ထိုင်းနိုင်ငံမှ TikTok အသုံးပြုသူ အမျိုးသမီးတစ်ဦးသည် ခြင်သေများကို အမှောင်ထဲတွင် လင်းထိန်နိုင်သည့် သော့ချိတ်များအဖြစ် တီထွင်ဖန်တီးရောင်းချရာမှ တစ်ရက်လျှင် ဘတ်သောင်းချီ ဝင်ငွေရရှိသည့် ထူးခြားသောလုပ်ငန်းတစ်ခုအဖြစ် အောင်မြင်လျက်ရှိသည်။ "ထိုင်းနိုင်ငံထုတ် ခြင်များ" အဖြစ် အမည်ပေးထားသည့် အဆိုပါ လက်လုပ်သော့ချိတ်များကို နိုင်ငံခြားသားများက အမှတ်တရလက်ဆောင်အဖြစ် အထူးနှစ်သက်ကြပြီး၊ ခြင်ရုပ်ခန္ဓာကိုယ်မပျက်စီးစေရန် အဆင့်ဆင့် စိတ်ရှည်စွာ ပြုလုပ်ရသည့်အတွက် မှာယူပြီးပါက ၁၄ ရက်ခန့်အထိ စောင့်ဆိုင်းရကြောင်း သိရသည်။ လက်ရှိတွင် ခြင်လိုအပ်ချက် မြင့်မားနေသဖြင့် အိမ်ရှိခြင်ထောင်နှင့် ခြင်ဖမ်းစက်များမှရသည့် သဘာဝခြင်သေများကို တစ်ကောင်လျှင် ၂ ဘတ်နှုန်းဖြင့် ပြန်လည်ဝယ်ယူပေးနေပြီး ခြင်ရောင်းချသူများအနေဖြင့် တစ်ကြိမ်လျှင် ၉၀၀ ဘတ်ဝန်းကျင်အထိ ရရှိနိုင်သော်လည်း သီးသန့်မွေးမြူထားသည့် ခြင်များကိုမူ လက်ခံခြင်းမရှိကြောင်း သိရှိရပါသည်။

news-view-count-icon

21