back

ဟိုတယ်ခရီးသွားပြည်ထောင်စုဝန်ကြီးနှင့် ရုရှား စီးပွားရေးသံမှုးတို့ တွေ့ဆုံ

Apr 29 • 7:33 AM

breaking-news

Myanmar

Local

cover

ဟိုတယ်ခရီးသွားပြည်ထောင်စုဝန်ကြီးနှင့် ရုရှား စီးပွားရေးသံမှုးတို့ တွေ့ဆုံ

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရ...

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာပါအချက်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။ထို့ပြင် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များတွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလာမှုတိုးမြှင့်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

news-view-count-icon

25