back

ထိုင်းနိုင်ငံတွင် လေယာဉ်ခရီးစဉ်ဖျက်သိမ်းခြင်းနှင့် ကြန့်ကြာခြင်းများအတွက် ခရီးသည်များ ရရှိနိုင်သည့် နစ်နာကြေးဆိုင်ရာ သတ်မှတ်ချက်များ ထုတ်ပြန်

Apr 29 • 7:31 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် လေယာဉ်ခရီးစဉ်ဖျက်သိမ်းခြင်းနှင့် ကြန့်ကြာခြင်းများအတွက် ခရီးသည်များ ရရှိနိုင်သည့် နစ်နာကြေးဆိုင်ရာ သတ်မှတ်ချက်များ ထုတ်ပြန်

ထိုင်းနိုင်ငံအတွင်း လေကြောင်းခရီးသွားလာနေသည့် ခရီးသည်များအနေဖြင့် လေယာဉ်ခရီးစဉ် ရုတ်တရက်ဖျက်သိမ်းခံရခြင်း သို့မဟုတ် ကြန့်ကြာခြင်းများ ကြုံတွေ့ရပါက ထိုင်းနိုင်ငံ...

ထိုင်းနိုင်ငံအတွင်း လေကြောင်းခရီးသွားလာနေသည့် ခရီးသည်များအနေဖြင့် လေယာဉ်ခရီးစဉ် ရုတ်တရက်ဖျက်သိမ်းခံရခြင်း သို့မဟုတ် ကြန့်ကြာခြင်းများ ကြုံတွေ့ရပါက ထိုင်းနိုင်ငံ လေကြောင်းဦးစီးဌာန (CAAT) ၏ စည်းမျဉ်းများအရ အစားအသောက်၊ တည်းခိုနေထိုင်ရေးနှင့် လမ်းကြောင်းအကွာအဝေးအပေါ် မူတည်၍ နစ်နာကြေးငွေ ဘတ် ၄,၅၀၀ အထိ ရပိုင်ခွင့်ရှိကြောင်း သိရသည်။ ပြည်တွင်းခရီးစဉ်များအတွက် နစ်နာကြေး ဘတ် ၁,၅၀၀ သတ်မှတ်ထားပြီး၊ ပြည်ပခရီးစဉ်များတွင် ကီလိုမီတာ ၁,၅၀၀ အောက်အတွက် ဘတ် ၂,၀၀၀ မှ ကီလိုမီတာ ၃,၅၀၀ အထက်အတွက် ဘတ် ၄,၅၀၀ အထိ ခရီးကွာဝေးအလိုက် တောင်းဆိုနိုင်သော်လည်း ရာသီဥတု၊ နိုင်ငံရေးနှင့် မလွှဲမရှောင်သာသော အခြေအနေများကြောင့် ဖြစ်ပါက နစ်နာကြေးရရှိမည် မဟုတ်ကြောင်း ဖော်ပြထားသည်။ ခရီးသွားများအနေဖြင့် မိမိတို့၏ ရပိုင်ခွင့်များကို သိရှိနားလည်ထားရန်နှင့် ခရီးစဉ်အခြေအနေများကို SAWASDEE by AOT application မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးကာ လိုအပ်ပါက လေကြောင်းလိုင်းများသို့ ချက်ချင်းဆက်သွယ် ဆောင်ရွက်ကြရန် တိုက်တွန်းထားပါသည်။

news-view-count-icon

20