PSG နည်းပြ အန်နရီကေးသည် ဘိုင်ယန်မြူးနစ်ကို ၅-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ၎င်း၏ နည်းပြဘဝတစ်လျှောက် အကောင်းဆုံးနှင့် အကြိတ်အနယ်အရှိဆုံးပွဲဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ အဆိုပါပွဲသည် ဆီမီးဖိုင်နယ်အဆင့်တွင် ဂိုးအများဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ အန်နရီကေးအတွက်လည်း ချန်ပီယံလိဂ် နိုင်ပွဲ ၅၀ ကို ၇၇ ပွဲဖြင့် အမြန်ဆုံးပြည့်မြောက်ခဲ့သည့် နည်းပြအဖြစ် ဂွါဒီယိုလာ၏ ၈၀ ပွဲမှတ်တမ်းကို ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဘာစီလိုနာအသင်းနှင့် ဖလားသုံးလုံးအောင်ပွဲ ရယူဖူးသူဖြစ်သော်လည်း ယခုပွဲကဲ့သို့ စိတ်လှုပ်ရှားဖွယ်ပွဲမျိုး မမြင်ဖူးကြောင်း ဆိုခဲ့သည့် အန်နရီကေးက ဒုတိယအကျော့တွင်လည်း အသာစီးရထားမှုကို မေ့ဖျောက်ကာ တိုက်စစ်ဖွင့်၍သာ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။
ချန်ပီယံလိဂ်နိုင်ပွဲ ၅၀ အမြန်ဆုံးပြည့်သည့် နည်းပြအဖြစ် အန်နရီကေး မှတ်တမ်းဝင်၊ ဘိုင်ယန်ကို အနိုင်ရသည့်ပွဲမှာ ၎င်း၏အကောင်းဆုံးပွဲဟုဆို
Apr 29 • 7:30 AM
Myanmar
International
Share
| 24 | 0 | 0 | 0 |


