back

ယူအေအီးက လာမည့် မေလ ၁ ရက်နေ့မှစတင်ကာ ရေနံတင်ပို့သည့် (OPEC နှင့် OPEC+ )အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း တရားဝင်ကြေညာ

Apr 29 • 3:50 AM

breaking-news

UAE

Local News

cover

ယူအေအီးက လာမည့် မေလ ၁ ရက်နေ့မှစတင်ကာ ရေနံတင်ပို့သည့် (OPEC နှင့် OPEC+ )အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း တရားဝင်ကြေညာ

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် အပြည်ပြည်ဆိုင်ရာ ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) နှင့် ယင်း၏ မဟာမိတ်အဖွဲ့ဖြစ်သော OPEC+ တို့မှ လာမည့် ၂၀၂၆ ခုနှစ်၊ ...

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် အပြည်ပြည်ဆိုင်ရာ ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) နှင့် ယင်း၏ မဟာမိတ်အဖွဲ့ဖြစ်သော OPEC+ တို့မှ လာမည့် ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင်ကာ နုတ်ထွက်သွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ဤဆုံးဖြတ်ချက်သည် နိုင်ငံ၏ ရေရှည်စီးပွားရေး မျှော်မှန်းချက်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများအရ ထုတ်လုပ်မှုမူဝါဒကို ဘက်စုံပြန်လည်သုံးသပ်ပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၆၀ နီးပါး ကြာမြင့်ခဲ့သည့် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်းအားဖြင့် ယူအေအီးအနေဖြင့် မိမိနိုင်ငံ၏ ရေနံထုတ်လုပ်မှု ပမာဏကို ကမ္ဘာ့ဈေးကွက် လိုအပ်ချက်နှင့်အညီ ပိုမိုလွတ်လပ်စွာနှင့် လျင်မြန်စွာ ဆုံးဖြတ်နိုင်မည့် အခွင့်အရေး ရရှိလာမည်ဖြစ်သည့်ဟုဆိုသည်။ အထူးသဖြင့် လက်ရှိဒေသတွင်း ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်နေသော စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ပြည်တွင်းရေနံထုတ်လုပ်မှု စွမ်းရည်ကို မြှင့်တင်ရန်နှင့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် ရည်ရွယ်ခြင်းဖြစ်ကာ၊ အဖွဲ့မှ နုတ်ထွက်သော်လည်း ယူအေအီးအနေဖြင့် ကမ္ဘာ့စွမ်းအင်ဈေးကွက် တည်ငြိမ်ရေးအတွက် တာဝန်ယူမှုရှိသော ထုတ်လုပ်သူအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် အခြားသော ရေနံထုတ်လုပ်သူများ၊ ဝယ်ယူသူများနှင့်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

28