ပြည်ပနိုင်ငံတွေကနေ ခွင့်နဲ့ မြန်မာနိုင်ငံကို ပြန်ဝင်လာမဲ့ အလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံကိုမလာရောက်မီ အလုပ်ရှင်ရဲ့ခွင့်စာကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေကို သွားရောက်ပြီး ခွင့်စာပြသကာ ထောက်ခံစာယူဆောင်ရမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဧပြီ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေ ဖွင့်လှစ်ထားခြင်းမရှိတဲ့ နိုင်ငံတွေမှာရှိတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့လည်း အနီးဆုံးနိုင်ငံ သို့မဟုတ် အနီးဆုံးမြို့ရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေကို သွားရောက်ပြီး ခွင့်စာပြသကာ ထောက်ခံစာယူဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါ့အပြင် ခွင့်နဲ့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ထွက်ခွာမဲ့ အလုပ်သမားတွေအနေနဲ့ Work Permit၊ ဗီဇာနဲ့ ခွင့်စာမှာပါတဲ့ လုပ်ငန်းခွင်မတူညီရင် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာ OWICကတ်ကို အသစ်ပြန်လည်လျှောက်ထားရမယ်လို့လည်း ဆိုပါတယ်။
Apr 29 • 3:49 AM
Myanmar
Local
Share
| 18 | 0 | 0 | 0 |


